Company Profile

Company Profile

ကျွန်တော်များ MBC ( Myanmar Broadcasting Co.,Ltd ) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ လ၊ ၁၂ ရက်နေ့တွင် စတင်ကာ တည်ထောင်ခဲ့ပါသည်။ MBC (Myanmar Broadcasting Co.,Ltd) အနေနဲ့ များစွာသော ဖျော်ဖြေရေး ဖန်တီးမှု လုပ်ငန်းများစွာကို လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းတို့မှာ –
၁။ YST Music Production
၂။ MBC Online TV
၃။ MBC Picture
ဟူသော အမည်များဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

 

YST Music Production

၁။ YST Music Production အမည်ဖြင့်ပြုလုပ်ထားသော လုပ်ငန်း၏ အဓိက လုပ်ဆောင်ချက်များမှာ တေးစီးရီးများကို ထုတ်လုပ်ခြင်း၊ ဖြန့်ချီခြင်း။ အဆိုတော်များ တက်သစ်စတေးသံရှင်များအတွက် အသံသွင်းရုံသာမက နောက်ဆုံးပေါ် Audio စက်ပစ္စည်းများ၊ တူရိယာ များဖြင့် ခေတ်ပေါ်တေး၊ဂီတများကို တီးခတ်နိုင်ခြင်း။ ဤကဲ့သို့ အသံသွင်းရာတွင်လည်း ကျွမ်းကျင်သော Audio Engineer များဖြင့် အသံဖမ်းပေးခြင်း၊ အစရှိသည့် လုပ်ငန်းဆောင်တာများကို တစ်နေရာတည်းတွင် အေးချမ်းစွာပြုလုပ်နိုင်ရန်အတွက် YST Studio အမည်ဖြင့် Studio ဖွင့်လှစ်ထားခြင်း စသည့် လုပ်ငန်းဆောင်တာများကို တိကျကောင်းမွန်စွာ ပြုလုပ်ပေးလျက်ရှိပါသည်။ Myanmar Broadcasting Company ၏ လက်အောက်ရှိ YST Music Producion Music မှ အဆိုတော် အသစ် အဆိုတော် အဟောင်းများနှင့် လက်တွဲပြီး Music Albumများ ၊ Music Video များ ကို ထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် X Girlz အဖွဲ့၊ ဟစ်ဟော့တေးသံရှင် ထက်ယံ၊ X Box တို့၏ MTV များကို ရိုက်ကူးလျက်ရှိပါသည်။ နောင်တွင်လည်း အဆိုတော် အသစ်များကို မြေထောင်မြှောက်ပေးရန် အဆိုပြိုင်ပွဲများ ပြုလုပ်သွားမည် ဖြစ်ပါသည်။
၂။ MBC Online TV အမည်ဖြင့် –
၁. မြန်မာနိုင်ငံနှင့် ကမ္ဘာအရပ်ရပ်ရှိ အနုပညာရှင်များ၏ အနုပညာ လှုပ်ရှားမှု သတင်းများ
၂. အစားအစာနှင့် ပတ်သက်သော သိကောင်းစရာများ
၃. ပြည်တွင်းရှိ စားသောက်ဆိုင်လမ်းညွှန် အစီအစဉ်များ

MBC Online TV

၎. အပါတ်စဉ်ထွက်ရှိလာမည့် နိုင်ငံတကာနှင့်မြန်မာ့ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများကို အပါတ်စဉ်မိတ်ဆက်ပေးသည့် အစီအစဉ်များ
၅. Fashion အစီအစဉ်များ
၆. ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ စသည့်အနုပညာလုပ်ငန်းများ၏ နောက်ကွယ်မှ လှုပ်ရှားမှု သတင်းများ
၇. ကျန်းမားရေး အသိပေးကဏ္ဍများ
၈. ပညာရေး လမ်းညွန် အစီအစဉ်များ
၉. တေးဂီတဖျော်ဖြေရေး အစီအစဉ်များ
၁၀. မော်တော်ကားများနှင့် ပတ်သက်သော သိကောင်းစရာများ
၁၁. မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပြပွဲများ၊ မိတ်ဆက်ပွဲများ၊ ပြိုင်ပွဲများ စသည့် အောင်မြင်ကျော်ကြားနေသော ပွဲသတင်းများ
၁၂. မြန်မာ ရုပ်ရှင်ဇာတ်လမ်းတွဲများ
၁၃. မြန်မာနိုင်ငံရှိ ပြောင်းလဲနေသော ခေတ်ပေါ် သတင်းများ ကို အစီစဉ်ဆွဲကာ ရိုက်ကူး တင်ဆက် လျက်ရှိပါသည်။

လက်ရှိတွင် MBC Online TV သည် Follower ပေါင်း တစ်သောင်း လေးသောင်းကျော်ရှိနေပါပြီ။ အပတ် စဉ် Post Reach 250,000 ဝန်းကျင်ခန့်ဖြင့် ကောင်းမွန်စွာ လည်ပတ်နေသော Online TV တခု ဖြစ်ပါသည်။ ထို့အပြင် တေးသံရှင် နီနီခင်ဇော်၏ Solo Show အတွက်လည်း Social Media Partner အဖြစ် တာဝန်ယူထား သောကြောင့် များမကြာမှီ ဒီထက်တိုးတက်လာမည့် Online TV တခုဖြစ်ပါသည်။MBC မှ တာဝန်ယူရိုက်ကူးနေ သော MTV များ၏ ရိုက်ကွင်းနောက်ကွယ်များကိုလည်း ပရိတ်သတ်ကို တည်းဖြတ် တင်ဆက်လျက်ရှိရာ လူကြိုက် များသော Post များ အဖြစ်လည်း Online တွင် တွေ့ရှိနိုင်ပါသည်။နောက်နောင်တွင် Weekly program များကိုလည်း အပတ်စဉ် တင်ဆက်သွားရန် ရိုက်ကူးလျက်ရှိနေပါသည်။

 

MBC Picture

၃။ MBC Picture အနေဖြင့် –
၁. Short Film ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း နှင့် ရိုက်ကူးတင်ဆက်ခြင်း။
၂. TV Channel များအတွက် Program ပေါင်းများစွာကိုရိုက်ကူး ထုတ်လုပ်ခြင်း။
၃. မြန်မာ့ရုပ်သံဇာတ်လမ်းတွဲ အသစ်များအား ရိုက်ကူးထုတ်လုပ်ပေးခြင်း။
၎. မြန်မာ့ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း ရိုက်ကူး၊ထုတ်လုပ်၊ဖြန့်ချီခြင်း။
အစရှိသည်တို့ကို ဆက်တိုက် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။